စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ကျွန်ုပ်တို့ကို စိတ်ပျက်စေသောအခါ

၁၉၉၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် MTS Oceanos အပျော်စီးသင်္ဘောမှာ
တောင်အာဖရိက ကမ်းလွန်တွင် အင်အားကြီးမုန်တိုင်းမိပြီး၊ သင်္ဘော စတင်နစ်မြှုပ်သော်
ကပ္ပတိန်က သင်္ဘောအရာရှိများနှင့်အတူ သင်္ဘောမှထွက်ခွါရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်
သင်္ဘောပေါ်မှ ခရီးသည်များကိုမူ သတိမပေးမိလိုက်ပါ။ ခရီးသွားတစ်ဦးဖြစ်သည့်
ဗြိတိသျှ ဂီတပညာရှင် မော့စ် ဟေးလ် က အခြေအနေ မဟန်
ကြောင်းကို သတိပြုမိပြီး တောင်အာဖရိက ကမ်းခြေစောင့်
တပ်ဖွဲ့သို့ ‘‘Mayday Signal’’ ကယ်ဆယ်ရေး အချက်ပြ
သင်္ကေတ ပေးပို့ကာ အကူအညီ တောင်းခံခဲ့သည်။
ထို့နောက် မိမိတို့ဖာသာ တာဝန်ယူပြီးမော့စ်နှင့်သူ့ဇနီး
ထရေစီ၊ သင်္ဘောပေါ်ရှိ အခြားဖျော်ဖြေရေး အဖွဲ့သားများက
ခရီးသည်အားလုံးကို ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ်သို့
ပြောင်းရွှေ့နိုင်အောင် ကူညီပေးခဲ့သည်။
တစ်ခါတစ်ရံ ခေါင်းဆောင်အဖြစ် ကျွန်ုပ်တို့ အားကိုးရ
သူများက ကျွန်ုပ်တို့ကို…

ဘာဂါတစ်လုံးကိုဝေမျှခြင်း

အမျိုးသမီးတစ်ဦးသည် အလွန်ဝေးလံသောဒေသရှိ သူထောက်ပံ့နေသည့်
ထိုကလေးထံ သွားရောက်လည်ပတ်ရန် အခွင့်အရေးရခဲ့သည်။ ထိုအကြောင်းကို
နိုင်ငံတကာ ကရုဏာပြုအဖွဲ့အစည်း “Lee Geysbeek” က ပြောပြခဲ့သည်။ သူမသည်
အလွန်ဆင်းရဲနုံချာသည့်ဘ၀ဖြင့် ရှင်သန်နေရသောကလေးကို စားသောက်ဆိုင်
တစ်ဆိုင်သို့ ခေါ်သွားသည်။
စားသောက်ဆိုင်တွင် ကောင်လေးက ဟမ်ဘာဂါ
မှာလိုက်ပြီး ထိုအမျိုးသမီးက အရွက်သုတ်တစ်ပွဲ မှာသည်။
မှာထားသောအစာများ ရောက်လာသောအခါ သူ့ဘ၀တွင်
ထိုအစားအစာများကို သူတစ်ခါမျှ မစားဘူးသဖြင့်
ကောင်လေးသည် အရွက်သုတ်ပန်းကန်ကို ကြည့်လိုက်၊
သူ့ ဟမ်ဘာဂါကို ကြည့်လိုက်နှင့် မြင်ကွင်းကို သုံးသပ်နေ
သည်။ ထို့နောက် ဓားဖြင့် ဘာဂါကို ထက်ဝက် ပိုင်းလိုက်ပြီး
တစ်ပိုင်းကို သူမအား ပေးလိုက်သည်။ သူ့ဗိုက် ကလေးကို
ပွတ်ပြလျှက် “ဆာနေပြီလား” ဟု သူမကို မေးလိုက်သေး၏။
ဘ၀တွင် ဘာမျှပိုင်ဆိုင်မှုမရှိသော ထိုကလေးက တစ်စုံတစ်ယောက်သည်…

ဗွက်အိုင်

ကျွန်တော့်သူငယ်ချင်း အက်ဒ် က သူ့သားငယ်လေးအကြောင်းကို ပြောပြသည်။
သားငယ်က ဗွက်အိုင်ထဲမှာရပ်နေ၍ ဗွက်ကိုမနင်းရန်ပြောရာ သူက ဗွက်အိုင်ကို
ဖြတ်ပြေးသည်။ “ရွံ့ထဲကို ဖြတ်မပြေးနဲ့” ဟုပြောသောအခါ ကလေးက ရွံ့ဗွက်အိုင်ထဲ
ဖြတ်လျှောက်ပြန်သည်။ “ရွံ့ ထဲကိုဖြတ် မလျှောက်ရဘူးလေ”
ဟုထပ်ပြောရာ ကောင်လေးက အဖေကို ပေကပ်ကပ်ကြည့်၍
သူ့ခြေချောင်းလေးများကို ရွံ့ရေနှင့်ထိဖြစ်အောင်ထိ၍ ရပ်ပြ
သည်။ ဖခင်လုပ်စေချင်သည့်အရာကို သိသော်လည်း သူ
လိုက်လုပ်ချင်ပုံမရ။
တစ်ခါတစ်ရံ ကျွန်တော်တို့လည်း ထိုငြင်းဆန်
တတ်သောကလေးနှင့် တူသည်။ မိမိလုပ်နေသောအရာကို
ဘုရားသခင် မကြိုက်ကြောင်း ကျွန်တော်သိသော်လည်း
ဘာပဲဖြစ်ဖြစ် လုပ်လိုက်ရမှ။ “သင်တို့ဘုရားသခင် ထာဝရ
ဘုရား၏စကားတော် တို့ကို အကြွင်းမဲ့ နာခံလိုက်လျှောက်
ရမည် (တရား ၂၈း၁)” ဟု ဘုရားသခင်က ဣသရေလသားမြေးများကို မိန့်တော်မူ
ခဲ့သော်လည်း သူတို့အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည်။ ဆာလံ…

သတင်းမွှေးသော အသက်ရှင်မှု

ဘုရားသခင်က အနံ့ခံအာရုံပေးထားသည့်အတွက် လူ့ဘ၀၌ မွှေးကြိုင်သော
ရနံ့များစွာကို ခံစားရသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်သည်။ လတ်ဆတ်၍
ဆွဲဆောင်မှုရှိသော မုတ်ဆိတ်ရိတ် ဆပ်ပြာအမွှေးရည်၏ ရိုးစင်းသည့် မွှေးရနံ့လေးကိုပင်
ကျွန်တော် ဘယ်လိုနှစ်သက်မှန်းမသိ။ နွေဦး၌ ရိတ်ပြီးစ
မြက်ပင်များ၏လတ်ဆတ်သောရနံ့များ၊ အိမ်နောက် ခြံဝင်းထဲ
ထိုင်၍ လေထဲ၌ ပျံ့လွင့်နေသည့် ကျွန်တော့် အကြိုက်ဆုံး
နှင်းဆီပန်းများ၏ နူးညံ့သောသင်းရနံ့များကို ရှုရှိုက်ရခြင်းက
အထူးပင်နှစ်သက်စရာပါ။ ထို့ပြင် အရသာရှိသော အစား
အစာများ၏ စားချင်စဖွယ် အနံ့များလည်း ရှိပါသေး၏။
အခြားသူများအပေါ် စေတနာမေတ္တာကို
ဖော်ပြသည့် ရက်ရောသော အပြုအမူများသည် မွှေးကြိုင်
သော၊ ဘုရားသခင် အလွန်အားရနှစ်သက်တော်မူသော၊
လက်ခံနိုင်သောယဇ်ဖြစ်သည်ဟု ရှင်ပေါလုပြောသောအခါ
(ဖိ ၄း၁၈)၊ ဤမွှေးရနံ့အကြောင်းက ကျွန်တော့် အာရုံကို
ဖမ်းစားသည်။ လိုအပ်နေသော သူများကိုမစကူညီရန်
ကျွန်တော်တို့စဉ်းစားလျှင် မှန်သောအရာကို လုပ်ဆောင်ခြင်း၊ သို့မဟုတ်ပါကလည်း…

ခိုင်ခံ့သောအုတ်မြစ်

‘‘RING OF FIRE” ဟု လူသိများသည့် ပစိဖိတ်ကမ်းရိုးတန်းဒေသသည် ငလျင်ဒဏ်
အခံရဆုံးဒေသဖြစ်သည်။ ကမ္ဘာပေါ်တွင် ငလျင်ဒဏ်ကို ၉၀ ရာခိုင်နှုန်းအထိ အများဆုံး
ခံစားရသော ဒေသဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး ငလျင်လှုပ်ခတ်မှု၏ ၈၁ ရာခိုင်နှုန်းသည်
ဤဒေသ၌ပင် ဖြစ်ပွားသည်။ ဟောင်ကောင်မြို့တော်ရှိ
အဆောက်အအုံ အများအပြားသည် ငလျင်ဒဏ် ခံနိုင်သော
ဂရင်းနိုက် ကျောက်အမျိုးအစားဖြင့် အုတ်မြစ်ချ ဆောက်လုပ်
ထားသဖြင့် ငလျင်ဘေးဒဏ် ကြုံရသောအခါ ပျက်စီး
ဆုံးရှုံးမှုကို လျော့နည်းစေကြောင်း ကျွန်ုပ်သိရှိခဲ့ရသည်။
ကမ္ဘာပေါ်တွင် ငလျင်အန္တရာယ် မကြာခဏ ကျရောက်သော
ဒေသများ၌ အဆောက်အအုံများ၏ အခြေခံအုတ်မြစ်သည်
အထူး အရေးကြီးသည်။
သခင်ယေရှုခရစ်တော်က သူ့နောက်တော်လိုက်
တပည့်တော်များအား တည်ကြည်သောအသက်တာများကို
တည်ဆောက်ရာတွင် ခိုင်ခံ့သောအုတ်မြစ်သည်
အရေးကြီးကြောင်း မိန့်တော်မူ၏။ ကိုယ်တော်က “အကြင်သူသည် ငါဟောပြောသော
ဤစကားကိုကြား၍ နားထောင် ၏။…

ကျောက်ကဲ့သို့ ခိုင်မာသောယုံကြည်ခြင်း

ကျွန်တော်တို့ဇနီးမောင်နှံ အမျိုးနှစ်ဖက်လုံးတွင် အသက်(၁၀၀)ကျော် အဖွားများ
ယနေ့တိုင် ရှိနေသေးသည်။ သူတို့နှင့်စကားပြောကြည့်ရာ အသက်ကြီးသူများသည်
အတိတ်ဖြစ်ရပ်များကို အောက်မေ့အမှတ်ရကြပုံက အားလုံးနီးပါး တူနေသည်
ဟူသောအချက်က မှန်နေသလိုပင်။ သူတို့ကြုံခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့်
အချိန်ကာလများအကြောင်း သတိရတမ်းတစိတ်ဖြင့် လွမ်းမောဖွယ် ပြန်လည်ပြောပြ
တတ်သည်။ ဒုတိယကမ္ဘာစစ်ကာလ၊ ကမ္ဘာ့ စီးပွားရေးပျက်
သည့်ကာလများ အကြောင်းကို ပြောကြသည်။ ဘဝ
အခြေအနေခက်ခဲလွန်း၍ ကလေးဘ၀က အိမ်နှင့်ခွဲ၍
အဝေး၌ နေခဲ့ရပုံ၊ ကောလိပ်ကျောင်းသားဘ၀၌ စွပ်ပြုတ်ဗူး
နှင့် ရက်လွန်ပေါင်မုန့်များကို ရက်အတော်ကြာ စားခဲ့ရပုံ
တို့ကို စိတ်လိုလက်ရ ပြောကြသည်။
ဆန့်ကျင်ဘက် သဘောအရ ခက်ခဲကြမ်းတမ်းသော
အချိန်သည် ယုံကြည်ခြင်းကို ကြီးထွားစေပြီး ဘုရားသခင်နှင့်
ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးကျွမ်းဝင်မှုကို ခိုင်ခံ့စေသည်။ မှန်ကန်စွာ တည်ရှိနေသော
ဤသဘောတရားကို ကြည့်ခြင်းဖြင့် ဘုရားသခင်နှင့်ပတ်သက်သော နက်နဲသည့်
အချက်တစ်ချက်ကို ကျွန်တော်…

ကျောက်ကဲ့သို့ ခိုင်မာသောယုံကြည်ခြင်း

ကျွန် တော်တို့ဇနီးမောင်နှံ အမျိုးနှစ်ဖက်လုံးတွင် အသက်(၁၀၀)ကျော် အဖွားများ
ယနေ့တိုင် ရှိနေသေးသည်။ သူတို့နှင့်စကားပြောကြည့်ရာ အသက်ကြီးသူများသည်
အတိတ်ဖြစ်ရပ်များကို အောက်မေ့အမှတ်ရကြပုံက အားလုံးနီးပါး တူနေသည်
ဟူသောအချက်က မှန်နေသလိုပင်။ သူတို့ကြုံခဲ့ရသည့် ခက်ခဲကြမ်းတမ်းသည့်
အချိန်ကာလများအကြောင်း သတိရတမ်းတစိတ်ဖြင့် လွမ်းမောဖွယ် ပြန်လည်ပြောပြ
တတ်သည်။ ဒုတိယကမ္ဘာစစ်ကာလ၊ ကမ္ဘာ့ စီးပွားရေးပျက်
သည့်ကာလများ အကြောင်းကို ပြောကြသည်။ ဘဝ
အခြေအနေခက်ခဲလွန်း၍ ကလေးဘ၀က အိမ်နှင့်ခွဲ၍
အဝေး၌ နေခဲ့ရပုံ၊ ကောလိပ်ကျောင်းသားဘ၀၌ စွပ်ပြုတ်ဗူး
နှင့် ရက်လွန်ပေါင်မုန့်များကို ရက်အတော်ကြာ စားခဲ့ရပုံ
တို့ကို စိတ်လိုလက်ရ ပြောကြသည်။
ဆန့်ကျင်ဘက် သဘောအရ ခက်ခဲကြမ်းတမ်းသော
အချိန်သည် ယုံကြည်ခြင်းကို ကြီးထွားစေပြီး ဘုရားသခင်နှင့်
ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးကျွမ်းဝင်မှုကို ခိုင်ခံ့စေသည်။ မှန်ကန်စွာ တည်ရှိနေသော
ဤသဘောတရားကို ကြည့်ခြင်းဖြင့် ဘုရားသခင်နှင့်ပတ်သက်သော နက်နဲသည့်
အချက်တစ်ချက်ကို…

ငါ့ထံသို့လာပါ။

CHARLOTTE ELLIOTT ဆိုသူက “JUST AS I AM- ရှိသည့်အတိုင်း၊ ကုသိုလ်မရှိ” ဓမ္မသီချင်းကို
၁၈၃၄ ခုနှစ်၌ ရေးစပ်ခဲ့သည်။ သူမသည် နှစ်ပေါင်းများစွာ ကျန်းမာရေးချို့တဲ့လျက်
မိန်းကလေးကျောင်းတစ်ခုအတွက် ရန်ပုံငွေကောက်ခံသူတစ်ဦးနှင့်အတူ ကူညီပေး
လိုသော်လည်း သူတော်တော် နေမကောင်းဖြစ်သဖြင့်
ဘာမှ မတတ်နိုင်ခဲ့ပါ။ သူ့ကိုယ်သူ အသုံးမ၀င်ဟု ခံစားရပြီး
စိတ်ထဲကိန်းအောင်းနေသည့် ထိုသောကဝေဒနာက
ခရစ်တော်၌ သူမ၏ယုံကြည်ခြင်းကို စတင် သံသယ၀င်စေ
ခဲ့သည်။ သူမ၏ သံသယစိတ်ကို တုန့်ပြန်သည့် အနေဖြင့်
“JUST AS I AM” ဓမ္မသီချင်းကို ရေးစပ်ခဲ့သည်။ အလွန်အမင်း
စိတ်ဒုက္ခဝေဒနာ ခံစားရခြင်းကြောင့် အကောင်းဆုံးသော
သီချင်းစာသားကို ရေးစပ်နိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်မည်။
ရှိသည့်အတိုင်း၊ ရန်သူဝိုင်းလျက်
အတွင်းကြောက်ရွံ့၊ အပြင်နှောင့်ယှက်။
ဆိုင်ပြိုင်အားကြီး၊ မတိုးမတက်
ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။
သခင်ယေရှု…

မေတ္တာသစ်ပင်

ကျွန်တော့်အိမ်နောက်ဘက်ရှိ ၀က်အူရစ်သဏ္ဍာန်မိုးမခသစ်ပင်ကြီးသည် အနှစ် ၂၀
ကျော်တိုင် ကြံ့ကြံ့ခံ ရှင်သန်ခဲ့သည်။ ကျွန်တော့်သားလေးယောက်စလုံးသည် ထို
အပင်ရိပ်အောက်၌ ဆော့ကစားခဲ့ကြပြီး၊ ပတ်ဝန်းကျင်ရှိ ရှဥ့်ကလေးများအတွက်လည်း
ကွန်းခိုရာဖြစ်ခဲ့သည်။ သို့သော် ဆောင်းတွင်းမှစ၍ ထိုအပင်
ဆက်လက် မရှင်သန်နိုင်တော့ပြီ။ ထို့ကြောင့် နွေဦး၌ ၄င်းကို
ခုတ်ပစ်လိုက်ရသည်။
တစ်ပတ်ကြာမျှ နေ့တိုင်းလိုလို ကျွန်တော် သစ်ပင်
ခုတ်ထွင်ရှင်းလင်းခဲ့သည်။ ပထမ သစ်ပင်ကို ဖြိုလှဲပစ်သည်။
သည့်နောက် အနှစ် ၂၀ သက်တမ်းရှိ အပင်ကို အသုံး
တည့်မည့် သစ်တုံးအရွယ် ပိုင်းဖြတ်သည်။ သစ်ပင်ခုတ်ရင်း
သစ်ပင်အကြောင်းနှင့်ပတ်သက်၍ ကျွန်တော်အများကြီးစဉ်းစားမိသည်။
ပထမဆုံး စဉ်းစားမိသော သစ်ပင်မှာ ဘုရားသခင် တားမြစ်ထားသော
အသီးသီးသည့် အပင်ဖြစ်ပြီး၊ ထိုအသီးကိုမြင်သောအခါ အာဒံနှင့်ဧ၀တို့ စုံစမ်းခြင်းကို
မခံနိုင်ခဲ့ပါ (က ၃း၆)။ သူတို့၏ သစ္စာရှိခြင်း၊ ယုံကြည်ခြင်းကို စမ်းသပ်စစ်ဆေးရန်…

ပြီးတော့ ရယ်ပစ်လိုက်

အာကာသထဲ လွှတ်တင်လိုက်သည့် ဒုံးပျံ၌ လိုက်ပါသွားသော ကနေဒါနိုင်ငံ
အာကာသယာဉ်မှူး ခရစ် ဟက်ဖီး က သူ့ခံစားချက်ကို ဆူညံသံ၊ တုန်ခါမှု၊ ဖိအား၊
မီးတောက်မီးလုံး ဆိုသည့် စကားလုံးများဖြင့် ဖော်ကျူးခဲ့သည်။ ဒုံးပျံက နိုင်ငံတကာ
အာကာသစခန်းသို့ ဦးတည်ပျံသန်းသွားစဉ် ကမ္ဘာ့မြေထု၏
ဆွဲငင်အားသည် တစ်ဖြည်းဖြည်း မြင့်လာ၍ အသက်ရှုရ
ခက်လာခဲ့သည်။ သူသတိလစ် မေ့မျောသွားတော့မည်ဟု
ထင်လိုက်ချိန်တွင် ဒုံးပျံက တစ်မဟုတ်ချင်း အာကာသ
အတွင်းသို့ အောင်မြင်ပေါ့ပါးစွာ ထိုးဖောက်ဝင်ရောက်သွား
တော့သည်။ သတိလစ်မေ့မျောသွားမည့်အစား သူ
ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ရယ်မောပစ်လိုက်သည်။
သူ၏ဖော်ပြချက်က ကျွန်မမိခင် ဆုံးပါးသွားသည့်
အချိန်ကို ပြန်လည်အမှတ်ရစေသည်။ အသက်ရှု ရပ်တော့မည့်
အချိန်အထိ အသက်ရှင်သန်ရခြင်းက သူအတွက် လေး
သထက် လေးလံနေခဲ့သည်။ သည့်နောက် သူမ၏ နာကျင်မှု
ဝေဒနာမှ လွတ်မြောက်၍ ကောင်းကင်ဘုံသို့…